Tuesday, January 10

၂၀၁၂ ခုနှစ်အတွင်း ကမ္ဘာတစ်လွှား စောင့်ကြည့်ရမည့် အကြောင်းအရာ ခြောက်ခုတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်

ကမ္ဘာတစ်လွှားတွင် ၂၀၁၂ ခုနှစ်အတွင်း စောင့်ကြည့်ရမည့် ထင်ရှားသော အကြောင်းအရာ ခြောက်ခုကို The Sunday Tribune Spectrum က မြန်မာနိုင်ငံမှ NLD ပါတီ ဒုတိယ ခေါင်းဆောင် ဒေါ်အောင်ဆန်းဆုကြည်လည်း ပါဝင်လာကြောင်း ၄-၁-၂၀၁၂ ရက်က သိရသည်။ အဆိုပါ သတင်းဌာန၏ www.tribuneindia.com တွင် ဖော်ပြချက်အရ ဒေါ်အောင်ဆန်းဆုကြည်သည် အမေရိကန်သမ္မတ ဘားရက်အိုဘားမားနှင့်အတူ နာမည်ကျော်ပုဂ္ဂိုလ်အဖြစ် ပါဝင်လာခဲ့ပြီး ၂၀၁၂ တွင် မြန်မာနိုင်ငံ၌ ကြားဖြတ်ရွေးကောက်ပွဲ ပြန်ဝင်လာခဲ့ခြင်းကို စောင့်ကြည့်ရမည့် အကြောင်းအရာ တစ်ခုအဖြစ် ဖော်ပြခြင်း ခံခဲ့ရကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ကြားဖြတ်ရွေးကောက်ပွဲ ဝင်မည့် ကိစ္စကို နိုင်ငံရေးလောကထဲသို့ ပြန်လည်ဝင်ရောက်လာခြင်း ဟူသော ပုံစံဖြင့် ရွေးချယ်ဖော်ပြခဲ့ကြခြင်း ဖြစ်ကာ သူကဲ့သို့ပင် ပါကစ္စတန်မှ Imran Khan က နိုင်ငံရေးလောကအတွင်းသို့ ဝင်ရောက်လာခြင်းကိုလည်း ဖော်ပြထားသည်ကို တွေ့ရသည်။
World Watch ၂၀၁၂ သတင်းဌာန၏ ၂၀၁၂ အတွင်း အလေးထား စောင့်ကြည့်ရမည့် ကိစ္စများတွင် ၂၀၁၂ လန်ဒန် အိုလံပစ်ပြိုင်ပွဲ ဝေဖန်ခံနေရမှုကိစ္စ၊ ဥရောပ၏ စီးပွားရေးနှင့် ငွေကြေးအကျပ်အတည်း ကိစ္စကို ၂၀၁၂ တွင် မည်သို့ ကိုင်တွယ် ဖြေရှင်းနိုင်မည်နည်း ဆိုသည့်ကိစ္စ၊ အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ ၂၀၁၂ ရွေးကောက်ပွဲနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ စောင့်ကြည့်နေမှု ကိစ္စ၊ ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနှင့် လွှတ်တော်အတွင်းသို့ ဝင်ရောက်မည့်ကိစ္စ၊ အိန္ဒိယနိုင်ငံ၏ စစ်ဘက်ဆိုင်ရာ လေကြောင်းပြင်ဆင်မှုကိစ္စနှင့် ပါကစ္စတန်မှ Imran Khan ၏ နိုင်ငံရေးပြောင်းလဲရမည့် အနေအထားတို့ကို ဖော်ပြထားသည်ကို တွေ့ရသည်။ ယင်း အကြောင်းအရာများ အားလုံးသည် ၂၀၁၂ ခုနှစ်အတွင်း အထူးစောင့်ကြည့်ရမည့် ပြောင်းလဲသွားနိုင်ဖွယ်ရာ ရှိသော ကိစ္စများ ဖြစ်နေသည်ဟု ဖော်ပြထားပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ၂၀၁၂ နိုင်ငံရေး အလားအလာမှာ ပို၍ စိတ်ဝင်စားဖွယ်ရာ ကောင်းနေသည်ဟု ဆိုသည်။ မြန်မာနိုင်ငံ၏ ကြားဖြတ်ရွေးကောက်ပွဲသည် ဧပြီလ ၁ ရက်တွင် ကျင်းပမည်ဟု မြန်မာနိုင်ငံက ထုတ်ပြန်ထားသည်ကိုလည်း တွေ့ရသည်။
By Pyi Myanmar

0 comments:

Post a Comment