ခင်ပွန်းဖြစ်သူနှင့် စကားများ၍ နေအိမ်မှထွက်လာခဲ့ရာ မူဆယ်မြို့ ဆင်ဖြူ ဂိတ်တိုက်တန်းအနီး၌ ဆော့ကစားနေသည့် ကလေးငယ်တစ်ဦးနှင့်အတူ ၀င်ရောက်ဆော့ကစား၍ စည်းရုံးခေါ်ဆောင်ခဲ့ပြီး တရုတ်နိုင်ငံ၊ ကျယ်ဂေါင် မြို့တွင် ယွမ်ငါးထောင်ဖြင့် ရောင်းစားရန် စီစဉ်ခဲ့ကြောင်း . . . |
သတင်းရရှိလျှင် ရရှိခြင်းပင် မူဆယ် လူကုန်ကူးအထူးအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ မစန်းနု၊ ၂၉နှစ် ----- ၊ မူဆယ်မြို့တွင် နေသူသည် ခင်ပွန်းဖြစ်သူနှင့် စကားများ၍ နေအိမ်မှထွက်လာခဲ့ရာ မူဆယ် မြို့ ဆင်ဖြူဂိတ်တိုက်တန်းအနီး၌ ဆော့ကစားနေသည့် ကလေးငယ်တစ်ဦးနှင့်အတူ ၀င်ရောက်ဆော့ကစား၍ စည်းရုံးခေါ်ဆောင်ခဲ့ပြီး တရုတ်နိုင်ငံ၊ ကျယ်ဂေါင်မြို့တွင် ယွမ်ငါးထောင်ဖြင့် ရောင်းစားရန် စီစဉ်ခဲ့ကြောင်းကို ဖော်ထုတ်နိုင်ခဲ့သည်ဟု သိရသည်။ လေးနှစ်အရွယ် ကလေးငယ်ကို ဆင်ဖြူတိုက်တန်းအပေါ် ထပ်နေအိမ်ရှိ မိခင်ထံပြန်လည်အပ် နှံခဲ့ပြီး ကလေးငယ်အား ခိုးယူရောင်း စားရန်ကြံစည်ဆောင်ရွက်သူ မစန်း နုအား (ပ)၁၄/၂၀၁၂၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/ ၃၂ ဖြင့် မူဆယ်ရဲစခန်းမှ အရေးယူထားကြောင်း သိရှိရသည်။
EMG
0 comments:
Post a Comment