Sunday, March 11

လွှတ်တော် အဆောက်အအုံ ၃၃ လုံး၊ သမ္မတအိမ်တော်နှင့် ဒုတိယ သမ္မတအိမ်တော် ခုနှစ်လုံးအတွက် ငွေကျပ် ၂၈ ဘီလျံကျော် သုံးစွဲခဲ့

7242
၂၀၁၁-၂၀၁၂ ဘဏ္ဍာရေး နှစ်အတွင်း တည်ဆောက်ပြီးစီးခဲ့သော နေပြည်တော် စီမံကိန်းများ အနက် လွှတ်တော် အဆောက်အအုံ ၃၃လုံး၊ သမ္မတအိမ်တော်နှင့် ဒုတိယ သမ္မတအိမ်တော် ခုနစ်လုံးအတွက် ငွေကျပ် ၂၈ ဘီလျံကျော် သုံးစွဲခဲ့ကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့် က မတ်လ ၅ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် တတိယပုံမှန် အစည်းအဝေး ၁၈ ရက်မြောက်နေ့ အစီအစဉ်တွင် ပြောကြားခဲ့သည်။

7242a
နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံများကို တွေ့ရစဉ်
သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်က “လွှတ်တော် အဆောက်အအုံ ၃၃ လုံး အတွက် ၁၉ ဒသမ ၀၁ ဘီလျံ၊ သမ္မတအိမ်တော် အတွက် ၅ ဒသမ ၈၅ ဘီလျံ၊ ဒုသမ္မတ အိမ်တော်ခုနစ် လုံးအတွက် ၃ ဒသမ ၇၁ ဘီလျံ၊ စုစုပေါင်း ၂၈ ဒသမ ၅၆ ဘီလျံ သုံးစွဲခဲ့ပါတယ်။ ထို့ပြင် အမျိုးသား ပြတိုက် အတွက် ၃ ဒသမ ၀၇ ဘီလျံ၊ အမျိုးသား စာကြည့်တိုက်အတွက် ၁ ဒသမ ၇၈ ဘီလျံ၊ အမျိုးသား မော်ကွန်းတိုက် အတွက် ၀ ဒသမ ၇၈ ဘီလျံ၊ နိုင်ငံတော် ဧည့်ဂေဟာ ၄၀ လုံးအတွက် ၂၁ ဒသမ ၉၄ ဘီလျံ၊ အခြား အဆောက်အဦနှင့် ဆက်စပ်လုပ်ငန်းများ အတွက်  ၅၇ ဒသမ ၇၇ ဘီလျံ၊ လမ်းလုပ်ငန်း အတွက် ၄၄ ဒသမ ၃၆ ဘီလျံ၊ ရေရ ရှိရေးလုပ်ငန်းအတွက် ၂ ဒသမ ၃၆ ဘီလျံ၊ ဆည်နှင့်ရေစီးရေလာ လုပ်ငန်းအတွက် ၂ ဒသမ ၈၇ ဘီလျံသုံး စွဲခဲ့ပါတယ်”ဟုပြောကြားခဲ့သည်။
ထို့ပြင် ဌာနဆိုင်ရာ(လျှပ်စစ်၊ ဆက်သွယ်ရေး၊ ဆောက်လုပ် ရေး)အတွက် ၆ ဒသမ ၇၁ ဘီလျံ၊ အမြတ်ခွန်နှင့် အမြတ်ငွေ ၁၄ ဒသမ ၈၆ ဘီလျံနှင့် စာရင်းစစ် ဆေးမှုအရ အပြီးသတ် စာရင်းရှင်းရန်ငွေနှင့် နိုင်ငံတော်သို့ Withholding Tax  နှစ်ရာခိုင်နှုန်း ပေးသွင်းရန် ၄၆ ဒသမ ၉၁ ဘီလျံ ကုန်ကျခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်က ပြောကြားခဲ့သည်။
EMG

0 comments:

Post a Comment