Saturday, March 3

နိုင်ငံတော်သမ္မတကြီးထံသို့ ၅ ထောင်တန်ဖုန်းအဆိုပြုလွှာ မရောက်သေးကြောင်းသူရဦးရွှေမန်းပြောကြား



 4 March 2012 —- ရွှေပြည်တံခွန်ကုမ္ပဏီလုပ်ငန်းစုမှ ၅ထောင်တန်ဖုန်းကိစ္စခွင့်ပြုချထားပေးနိုင်ရေးအတွက် အဆိုပြုလွှာကို နိုင်ငံတော်သမ္မတထံနှင့် ပြည်သူ့လွှတ်တော်ဥက္ကဌထံများသို့ တင်သွင်းလျှောက်ထားခဲ့ရာတွင် ယင်းအဆိုပြုလွှာသည် နိုင်ငံတော်သမ္မတထံသို့ မရောက်သေးကြောင်း ပြည်သူလွှတ်တော်ဥက္ကဌသူရဦးရွှေမန်းက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌ ပြောကြားသွားကြောင်းနှင့် ယင်းအဆိုပါပြောကြားချက်ကို ရွှေလက်ချောင်းများသာရေးကူညီမှုအသင်းဥက္ကဌ ဦးဗအုပ်ခိုင်ထံမှ သတင်းရရှိသည်။   
´´အဆိုပြုလွှာနှစ်စောင်ရေးတင်တာ၊ သမ္မတကြီးဆီသို့ တစ်စောင်၊ ပြည်သူ့လွှတ်တော်သို့တစ်စောင်၊ ပြည်သူ့လွှတ်တော်ထဲကိုတော့ စာရောက်သွားပြီပြောတယ်´ဟု ယင်းအသင်းဥက္ကဌ ဦးဗအုပ်ခိုင်ကပြောသည်။
နေပြည်တော်သို့ စာတင်ရာ၌ ဥပဒေကြမ်းအတွက် အဆိုတင်သွင်းလျှင်တစ်လ၊ သာမန်အဆိုတင်သွင်းလျှင် နှစ်ပတ်ကြာမည်ဆိုပါက  နောက် လွှတ်တော်အစည်းအဝေးလုပ်တော့မှသာ အဆိုပြုတင်သွင်းသွားနိုင်မည်ဖြစ်ကြောင်း၊ ၄င်းက ထပ်မံရှင်းလင်းသည်။
Newday News weekly journal

0 comments:

Post a Comment