Saturday, March 3

ဆတ်သွား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးခန်းဖွင့်ပွဲ

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်ခွဲ ဆတ်သွား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ရုံးခမ်းဖွင့်ပွဲနှင့် ပါတီဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို မတ်လ(၂)ရက်နေ့

နံနက်(၁၁)နာရီတွင် ဆတ်သွား(၂)ရပ်ကွက် အဖွဲ့ချုပ် ဥက္ကဌဒေါက်တာဝင်းမြင့်ထွန်း၏
 နေအိမ်တွင် ကျင်းပခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ တောင်တွင်းကြီးမြို့၊အမှတ်(၄)မဲ
ဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးအောင်
ကြည်ညွန့်နှင့်အဖွဲ့သည် မတ်လ(၂)ရက်နေ့တွင် ဆတ်သွားသို့ ရောက်ရှိလာပါသည်။
ဆတ်သွားအ၀င်တွင် ကြိုဆိုသူများက ရာနှင့်ချီပြီး လမ်းတစ်လျှောက် အိုးစည်၊ဒိုးပတ်များ၊ မြန်မာ့
ရိုးရာအကများဖြင့် ၀မ်းပမ်းတသာကြိုဆိုကြသည်။ အသံချဲ့စက်များဖြင့်လည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျမ်းမာပါစေ။ ဦးအောင်ကြည်ညွန့်
ကျမ်းမာပါစေ။တိုင်းပြည်အကျိုး
ဆထက်တစ်ပိုး သယ်ပိုးနိုင်ပါစေဟု အော်ဟစ်ကာ လမ်းဘေးမှ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြသည်။ ထို့နောက် အဖွဲ့ချုပ်ရုံးတွင်
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
လောင်း ဦးအောင်ကြည်ညွန့် ၊ ဒေါက်တာဝင်းမြင့်ထွန်း တို့မှ ဟောပြောခဲ့ကြသည်။
ယင်းဖွင့်ပွဲသို့ တောင်တွင်းကြီး၊ဆတ်သွားအုပ်စု၊ ပရပ်ကြယ်အုပ်စု၊ ကုက္ကိုလ်ကုန်းအုပ်စုများမှ
 ပါတီဝင် အဟောင်းအသစ်များ ၊ ကျေးရွာပြည်သူလူထုများ တိုင်းရင်းသားလူများများ 
စုစုပေါင်းအင်အား (၁၀၀၀)တစ်ထောင်ကျော်ကျော် တက်ရောက်ခဲ့ပီး အခမ်းအနားကို
 အောင် မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။
Myanmar News Now



1 comment:

  1. www.nldtdi.blogspot.com ကိုလည်း လာရောက်လည်ပတ်ပါအုံးဗျာ
    ကျွန်တော် တော့ လာလည်သွားတယ် ....
    အမ ဆိုဒ်ကို ကျေးဇူးတင်ပါတယ်ဗျာ.....

    ReplyDelete