Saturday, March 3

အွန်လိုင်းပေါ်မှ ဓာတ်ပုံများနှင့် ပတ်သက်၍ ဦးဇော်ဇော် ရှင်းလင်း စကားဆို

ပြီးခဲ့သည့် ရက်သတ္တပတ် များက အွန်လိုင်းပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ် လာခဲ့သည့် ဓာတ်ပုံများနှင့် ပတ်သက်၍ ကာယကံရှင် ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က တုံ့ပြန် ပြောကြားမှု တစ်ရပ် ပြုလုပ်ခဲ့သည်။
မတ်လ (၃)ရက်နေ့ ရန်ကုန် - ရတနာပုံ ပွဲစဉ်သို့ လာရောက် ကြည့်ရှုခဲ့သူ ဦးဇော်ဇော်က "အဲဒီတုန်းက ကျွန်တော်တို့ မိသားစုတွေ အပါအ၀င် ရန်ကုန်က မီဒီယာတွေရော၊ မန္တလေး မြို့မိမြို့ဖတွေရော အားလုံး အတူရှိနေ ခဲ့ပါတယ်။ ဗထူးကွင်းမှာ ပထမဆုံး ကစားမယ့် ရတနာပုံရဲ့ ပွဲစဉ် မတိုင်မီ ဖွင့်ပွဲ အစီအစဉ်မှာ အဲဒီ သရုပ်ဆောင်တွေ၊ မော်ဒယ်တွေက အခကြေးငွေ မယူဘဲ သီဆိုဖျော်ဖြေ ပေးခဲ့ကြတာပါ။ ဒါကြောင့် သူတို့ကို ညဘက် ဒင်နာမှာမှ ဆုချပေးတဲ့ သဘောပါ" ဟု ရှင်းလင်း ပြောကြား သွားခဲ့သည်။

အဆိုပါ ဓာတ်ပုံများသည် မန္တလေး ဗထူးကွင်းအား နိုင်ငံရေး ပါတီတစ်ခုသို့ မငှားခဲ့ခြင်းနှင့် ပတ်သက်၍ မကျေမနပ် ဖြစ်နေကြချိန်တွင် အချိန်ကိုက် ထွက်ပေါ် လာခဲ့ခြင်း ဖြစ်ပြီး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ရတနာပုံ အသင်းပိုင်ရှင် ဒေါက်တာစိုင်း တို့က နာမည်ကြီး မော်ဒယ် သရုပ်ဆောင် အချို့အား ဆုချနေသည့် ပုံများဖြစ်သည်။ ဦးဇော်ဇော်က "ဒါဟာ ရည်ရွယ်ချက် ရှိရှိ ပုဂ္ဂိုလ်ရေး အရ တိုက်ခိုက်တာပါ။ ဒါပေမဲ့ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး မလုပ်ခဲ့ပါဘူးလို့ ငြင်းချက်တော့ မထုတ်နိုင်ပါဘူး။ တစ်ခုတော့ သတိထားစရာ ဖြစ်လာပါတယ်။ ကျွန်တော်တို့ တတွေ ဒီလို မနေထိုင် သင့်ဘူး ဆိုတာကို သိလိုက်ရပါတယ်" ဟု ဆိုခဲ့သည်။
soccermyanmar

Myanmar News Now မှ ဖော်ပြခဲ့တဲ့ ဦးဇော်ဇော် ရဲ့ အွန်းလိုင်းပေါ်က ဓါတ်ပုံများ အောက်မှာ
ကြည့်ရှုနိုင်ပါတယ်။
မယ်လိုဒီ ၊ ဂျင်းနီ (ခ)ဟန်နွေငြိမ်း၊ ချောရတနာ ၊ အမည်မသိ ၊ MAXဇော်ဇော်၊ ဒေါက်တာစိုင်း
တို့ ရဲ့ ပုံတွေဖြစ်ပါတယ်။




0 comments:

Post a Comment