Tuesday, February 14

ဒေါ်အောင်ဆန်းစုကြည်အား ကိုယ်စားလှယ်လောင်းကန့်ကွယ်လွှာတင်ခြင်းအပေါ် နိုင်ငံရေးနယ်ပယ်မှ သဘောထားထုတ်ပြန်ချက်

ကော့မှူးမြို့နယ်မဲနယ်ဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ယင်းမဲဆန္ဒနယ်မှ ညီညွတ်ရေးနှင့်ငြိမ်းချမ်း ရေးပါတီကိုယ်စားပြုဝင်ရောက်အရွေးခံမည့် ဦးတင်ရီကဒေါ်အောင်ဆန်းစုကြည် ၏ ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းလွှာကိုရွေးကောက်ပွဲကော်မရှင် သို့ကန့်ကွက်လွှာတင်ခြင်းအပေါ် နိုင်ငံ ရေးနယ်ပယ်မှ ဆောင်ရွက်လှုပ်ရှားနေသူ များ၏ သဘောထား မှတ်ချက်များအား စုစည်းတင်ပြပါသည်။
ဦးဉာဏ်ဝင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွင်းရေး မှူးအဖွဲ့ဝင်
ကျွန်တော်တို့ကန့်ကွက်လွှာကိုဖြေ ရှင်းလွှာတင်ပြီးပါပြီ။ ခရိုင်ကော်မရှင်ကပဲ ဆုံးဖြတ်ပေးဖို့ရှိပါတယ်။သူတို့ကန့်ကွက် လွှာမှာ အချက်တွေကလည်း ကြုံရာတွေ ထည့်ထားတာ။ တစ်ခုက ဒေါ်အောင် ဆန်းစုကြည်က ဗြိတိန်နိုင်ငံရဲ့ အမြဲတမ်း နေထိုင်ခွင့်ရထားတယ်တဲ့။ အဲဒါဟာ ဗြိ တိန်နိုင်ငံမှာလုံးဝမကျင့်သုံးဘူး။ နောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်တုန်း ကမှလည်း နိုင်ငံခြားသားမဖြစ်ခဲ့ဘူး။ နောက်တစ်ခုက နိုင်ငံခြားမှာ ပစ္စည်းတွေ ရှိတယ်တဲ့။ အဲဒါကလည်း အထောက် အထားမရှိဘဲနဲ့ စွပ်စွဲတယ်။ ခင်ပွန်းဆုံး တုန်းကလည်း ခင်ပွန်းရဲ့အမွေမှာ ဒေါ် အောင်ဆန်းစုကြည်အတွက် ဘာမှမပါ ဘူး။ အဲဒါရှင်းတယ်။ နောက်တစ်ခုက ဆု ကြေးငွေတွေရတဲ့ဟာကို အစိုးရဆီကို မပေးဘဲနဲ့ နိုင်ငံခြားမှာသိမ်းထားတယ် တဲ့။ အဲဒါလည်း အထောက်အထားမရှိ ဘဲနဲ့ စွပ်စွဲတာ။ ဒေါ်အောင်ဆန်းစုကြည် က ရသမျှဆုငွေကို ဖောင်ဒေးရှင်းတွေကို တစ်ခါတည်း ထည့်လိုက်တယ်။ သူ့ကိုယ် ပိုင် အကောင့်လည်း ဘဏ်မှာငွေမရှိဘူး။ ကျွန်တော်တို့အဲဒါတွေဖြေရှင်းပြီး ကော် မရှင်တင်လိုက်ပါတယ်။ အဲဒီဖြေရှင်းချက် တွေအားလုံးဟာဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရဲ့ ဖြေရှင်းချက်တွေပါပဲ။
ဦးခင်မောင်ဆွေ
အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ ခေါင်းဆောင်
ကျွန်တော်တို့အနေနဲ့ဆိုမကန့်ကွက် ဘူး။ ကျွန်တော်တို့ပါတီအနေနဲ့ဆိုကန့် ကွက်ဖို့အစီအစဉ်မရှိဘူး။ ဥပဒေဆိုတာက နိုင်ငံသားတွေက ကြိုက်နေလို့ရှိရင်ဖြစ်တဲ့ ကိစ္စပဲ။ ဥပဒေတစ်ရပ်ကို အသေကိုင်ပြီး လုပ်တဲ့ကိစ္စတွေက တစ်ချို့နေရာတွေမှာ ကောင်းတာရှိသလို၊ တစ်ချို့နေရာတွေမှာ မကောင်းဘူးပေါ့။  NDF အနေနဲ့ဆိုရင် ကန့်ကွက်မှာမဟုတ်ဘူး။ ဒီကန့်ကွက်တဲ့ ကိစ္စဟာသူတို့ ညီညွတ်ရေးနဲ့ငြိမ်းချမ်းရေး ပါတီ တစ်ပါတီတည်းနဲ့ဆိုရင်တော့ကိစ္စ မရှိဘူး။ ဒါက သူ့ကိစ္စပေါ့။ ဒါပေမဲ့သူက ဒီမိုကရေစီမိတ်ဆွေ (၁၀)ပါတီထဲမှာ ပါ နေတဲ့အခါကြတော့ (၁၀)ပါတီက ဒီကိစ္စ ကိုလေ့လာပြီး မှတ်ချက်ပေးကောင်းပေး ပါလိမ့်မယ်။ ခုလိုကန့်ကွက်လိုက်လို့ပြည်သူ အတွက် အကျိုးရှိရဲ့လား။ ဘာကြောင့် ကန့်ကွက်ရတာလဲဆိုတဲ့ မေးခွန်းကိုအဖြေ  ပေးဖို့သမိုင်းက တောင်းဆိုသွားမှာဖြစ်ပါ တယ်။
ဦးသုဝေ
ဥက္ကဋ္ဌ
ဒီမိုကရက်တစ်ပါတီ(မြန်မာ)
ဒီကိစ္စက သူတို့ပါတီက ဦးတင်ရီဆို တာဝင်ပြိုင်တော့ ယှဉ်ပြိုင်ဘက်ပေါ့။ ဥ ပဒေအတိုင်းပဲဖြစ်ရမှာပေါ့။ ဒီကန့်ကွက် လွှာထဲမှာပါတဲ့အချက်တွေက တရားရုံး ကဆုံးဖြတ်မှာပေါ့။ စွပ်စွဲတဲ့လူလည်းရှိ မှာပေါ့။ ဖြေရှင်းလိုက်ရင် ပြီးသွားမှာပါ။ ဒီမိုကရေစီလမ်းစဉ်အရလုပ်ချင်တဲ့သူက လုပ်ပိုင်ခွင့်ရှိတာပဲ။ ကျွန်တော်ဒီမိုကရေစီ မိတ်ဆွေ (၁၀)ပါတီနဲ့တော့မဆိုင်ဘူးပေါ့။ လုပ်ပိုင်ခွင့်ရှိသူက လုပ်တာပဲ။
ဦးစောဝင်း
ဗဟိုအလုပ်အမှုဆောင်
ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ
အဲဒီကိစ္စဟာ ကျွန်တော်ဒီမိုကရေစီ မိတ်ဆွေ(၁၀)ပါတီနဲ့မဆိုင်ပါဘူး။ ကျွန် တော်တို့က အားလုံးအပေါ်မှာ ရန်သူ မထားဘူးလေ။ အားလုံးဟာ မိတ်ဆွေ တွေချည်းပဲ။ အားလုံးက မိတ်မပျက်ပူး ပေါင်းဆောင်ရွက်မယ်။ တို့ကတော့ကြို ဆိုတယ်။ လူကြီးတွေကလည်းကြိုဆိုနေ တာပဲ။ ဒေါ်အောင်ဆန်းစုကြည် ၀င်ပြိုင် တာကို ၀မ်းလည်းဝမ်းသာတယ်။ထောက် လည်းထောက်ခံပါတယ်။
ဦးသိန်းညွန့်
ဥက္ကဋ္ဌ
ဒီမိုကရေစီပါတီသစ်
ကျွန်တော်တို့ကတော့ ရွေးကောက် ပွဲမှာ ဥပဒေနဲ့ညီညွတ်တဲ့သူမှန်သမျှကို ရွေးကောက်ပွဲမှာဝင်ပြိုင်ဖို့ကြိုဆိုတယ်။ ကန့်ကွက်လွှာကတော့ ဥပဒေနဲ့ညီရင် ကောင်းတာပေါ့။ နိုင်ငံရေးရည်မှန်းချက် နဲ့ ကန့်ကွက်တယ်ဆိုရင်မကောင်းဘူး။ ကျန်တာတွေကတော့ရွေးကောက်ပွဲဥပဒေ နဲ့အညီကော်မရှင်က စိစစ်ဆောင်ရွက်မှာ ပေါ့။ ရွေးကောက်ပွဲဥပဒေမှာ ဘယ်လို အချက်တွေနဲ့ညီရင် ရွေးကောက်တင် မြောက်ခွင့်ရှိတယ်လို့ ပါပြီးသားပဲ။
ဦးသိန်းထွန်း
ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
ဒီကိစ္စကိုကျွန်တော်တို့တော့မသိဘူး။ ကိုယ်စားလှယ်လောင်းရဲ့ အရည်အချင်း သတ်မှတ်ချက်ကို ကော်မရှင်ကကြေညာ ထားတာရှိတာပါ။အဲဒီအချက်တွေနဲ့အညီ ကော်မရှင်ကအဆုံးအဖြတ်ပြုမှာပေါ့။ ကျွန်တော်တို့ပါတီအပါအ၀င်အားလုံးကို ရွေးကောက်ပွဲဝင်မယ်ဆို ကိုယ်စားလှယ် လောင်းအရည်အချင်းနဲ့ ကိုက်ညီရင် ကော်မရှင်က ခွင့်ပြုမှာပါပဲ။
ဒေါက်တာအေးမောင်(အမျိုးသားလွှတ် တော်ကိုယ်စားလှယ်)
ဥက္ကဋ္ဌ
ရခိုင်တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေး ပါတီ
ဒီကိစ္စကတော်တော်တော့စဉ်းစားရ ကြပ်တယ်။ တစ်ခုရှိတာက သူတို့ဘယ် လမ်းလွှဲနေသလဲပေါ့။ ကန့်ကွက်လွှာတင် တဲ့ပါတီရဲ့နောက်ခံအကြောင်းအရင်းက ဘာလဲ။ ဒါအရေးကြီးတယ်။ကန့်ကွက်တဲ့ ရည်ရွယ်ချက်က ဘယ်သူ့အတွက်လည်း၊ ဘာကြောင့်လည်းဆိုတာ သိဖို့လိုတယ်။ ဘာကြောင့်၊ဘာရည်ရွယ်ချက်နဲ့ညီညွတ် ရေးနဲ့ ငြိမ်းချမ်းရေးပါတီထောင်ခဲ့သလဲ။ သူတို့ရဲ့နောက်ကြောင်း၊ သူတို့ဘယ်လဲ၊ ဘာလဲဆိုတာမေးရတော့မယ်။ အဲဒီပါတီ ရဲ့ သွားမယ့်လမ်းကြောင်းကဘာလဲ၊ ဘယ်လဲဆိုတာမေးရတော့မယ်။ ကန့် ကွက်တဲ့ပုဂိ္ဂုလ်တွေ ဘယ်လမ်းရွေးသလဲ ဆိုတာကလည်း ကျွန်တော်တို့သုံးသပ်ရ မယ်။ ဒါပုဂိ္ဂုလ်ရေးတိုက်ခိုက်တဲ့သဘော ဖြစ်နေတယ်။လူထုသဘောထားကိုကြည့် ရမှာပေါ့။ လက်ရှိရွေးကောက်ပွဲဥပဒေဆို တာလည်း အကောင်းဆုံးဖြစ်အောင် တော့လုပ်တာပဲ။ ဒါပေမဲ့ ပြည့်စုံတယ်လို့ ကျွန်တော်တို့သတ်မှတ်လို့မရဘူး။ ဒီကန့် ကွက်လွှာကိစ္စဟာကျွန်တော်တို့တော့ အသေးစိတ်မသိဘူး။ ဒါပေမဲ့လို့ ကန့် ကွက်တဲ့လူရဲ့ရည်ရွယ်ချက်က အင်မတန် ကြောက်စရာကောင်းတယ်။ ဒါက လူထု သတိထားဖို့လိုမယ်။ ဒီအချိန်၊ ဒီကာလ မှာ ဒါမျိုးပြောတယ်ဆိုကတည်းကိုက ကျွန်တော်တို့သတိထားဖို့လိုတယ်။ ဒီမို ကရေစီမိတ်ဆွေ (၁၀)ပါတီ အနေနဲ့ ဒီကိစ္စကိုလုပ်တဲ့ပါတီအပေါ် ပြန်သုံးသပ် ဖို့လိုမယ်။

0 comments:

Post a Comment