Wednesday, December 14

ရန်ကုန်မြို့ ခံတွေဆီကနေ တရုတ် ကျပ်သန်းပေါင်း (၂၅၀၀)ကျော်ယူဆောင်သွား

ရန်ကုန်တိုင်းဒေသကြီးတွင် ၁၆ ရက်ကြာ အပူဇော်ခံခဲ့သည့် ဗုဒ္ဓမြတ်စွယ်တော်ကို လာရောက်ဖူးမြော်ခဲ့ကြသော ဒေသခံပြည်သူများက ကျပ်သန်းပေါင်း ၁၅၀၀ ကျော်နှင့် နိုင်ငံတကာ ငွေကြေးများစွာကို ထည့်ဝင်လှူဒါန်းခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၂၂ ရက်မှ ဒီဇင်ဘာ ၇ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး အတွင်း အပူဇော်ခံခဲ့သည့် အဆိုပါ ဗုဒ္ဓမြတ်စွယ်တော်မှာ ယခုအခါ မန္တလေးတိုင်းဒေသကြီးသို့ ဆက်လက်အပူဇော်ခံရန်အတွက် ယခုလ ၈ ရက်က မြန်မာ့လေကြောင်း အထူးလေယာဉ်ဖြင့် မန္တလေးတိုင်းဒေသကြီးသို့ ပင့်ဆောင်သွားပြီဖြစ်ကြောင်း သိရသည်။

၁၆ ရက်ကြာ အပူဇော်ခံခဲ့သည့် ဗုဒ္ဓမြတ်စွယ်တော်တွင် ကျပ် ၁၅၀၈၁၆၈၉၈၆ နှင့် ကန်ဒေါ်လာ ၇၃၇၉၉ အပါအဝင် အက်ဖ်အီးစီ ၃၇၈၉၊ ရွှေငွေလက်ဝတ်ရတနာမျိုးစုံ ၈၃၇၇ ခု (ခန့်မှန်းတန်ဖိုး ၁၀၄၉၆၀၀၆၀၀) ကို ရရှိခဲ့ရုံ သာမက နိုင်ငံပေါင်း ၅၈ နိုင်ငံတွင် အသုံးပြုလျက်ရှိသော ငွေကြေးများစွာလည်း အလှူခံရရှိခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများ၏ ဖော်ပြချက်အရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကျပ် ၄၀၀၃၃၇၂၅၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ကျပ် ၁၂၂၇၀၀၈၀ နှင့် အခြားဝန်ထမ်းများစွာကလည်း အလှူငွေများစွာကို လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ အလှူငွေ နဲ့ လက်ဝတ်ရတနာတွေမှာ နေပြည်တော် နှင့် မန္တလေးမြို့ က အလှူငွေတွေ မပါသေးပါ။
မြန်မာလူမျိုးတွေ ရဲ့  လှူဒါန်းပုံမှာ လွဲမှားနေသည်ဟု ယူဆပါသည်။ မြန်မာနိုင်ငံတ၀ှမ်းရှိ ဘုန်းတော်ကြီး ကျောင်း / စာသင်တိုက်များ ၊ လူအိုရုံ ၊ စာသင်ကျောင်း နဲ့ ကျန်းမာရေးဌာနများကို လှူဒါန်း ပါက ပိုမိုအကျိုးပြုနိုင်ပါသည်။ အခုလှူဒါန်းလိုက်သည့် ရွှေ ၊ ငွေ လက်ဝတ်ရတနာတွေကို ဘယ်သူရမည့် လည်းလို့ စဉ်းစားကြည့်ပါက တရုတ်နိုင်ငံ က ဗုဒ္ဓစွယ်တော်ပြပြီး ပြည်သူလူထုရဲ့ ချွေးနဲစာကို  ရယူသွားခြင်းဖြစ်သည်။

0 comments:

Post a Comment