Tuesday, January 24

ဇော်ဝင်းထွဋ် သမီးချန်ချန်စီစဉ်တဲ့ မိဘမဲ့ကလေး ရန်ပုံငွေဈေးရောင်းပွဲတော် MCC တွင် ကျင်းပမယ်"

မိဘမဲ့ကလေးများအတွက် အနု ပညာရှင်များရဲ့ ရန်ပုံငွေဈေးရောင်း ပွဲတော်ကို တေးသံ ရှင်ဇော်ဝင်းထွဋ် ရဲ့သမီးဖြစ်သူ ချန်ချန် (ဝင်းထွဋ် တာရာ)က အနုပညာရှင်များနဲ့ ပူးပေါင်းပြီး နှစ်စဉ်ကျင်းပလာခဲ့ တာ အခုဆို၅ ကြိမ်မြောက်ရှိပြီဖြစ် ပါတယ်။ နှစ်စဉ် ယုဇနဂါးဒင်း ဟိုတယ်ဝင်း၊ မျှော်စင်ကျွန်းတို့မှာ ကျင်းပပြုလုပ်လာခဲ့ရာ ဒီနှစ် မှာ တော့ ဈေးရောင်းပွဲတော်ကို ဖေဖော်ဝါရီ ၅ ရက်နေ့ ညနေ MCC မှာ လုပ်ဖို့သတ်မှတ် ထားပါတယ်။ အဲဒီ ဈေးရောင်းပွဲမှာတော့ ရုပ်ရှင်၊ ဂီတ အနုပညာရှင်များက သူတို့ ကိုယ်တိုင် ဈေးဆိုင်ဖွင့်ပြီး၊ ကိုယ်တိုင်ပြုလုပ်တဲ့ အစားအသောက်များကို ကိုယ်တိုင် တပျော်တပါးကြီးရောင်းချကြမှာ ဖြစ်ပါတယ်။ အဲဒီလို ချစ်စရာကောင်းတဲ့ ပွဲမျိုး လေးတွေလုပ်ဖြစ်ဖို့ စိတ်ကူးရပုံ အကြောင်းကို စီစဉ်သူချန်ချန်က ''တကယ်ဆိုရင် အလှူငွေ ကောက်ပြီး လှူလိုက်ရင်လည်း ပိုပြီးမြန်တာ ပေါ့နော်။ ပိုပြီးတော့ များများ ရရင်လည်းရ မယ်။ ဒါပေမဲ့ ဘာလို့ ခုလိုစီစဉ်ဖြစ်တာလဲ၊ အနုပညာရှင်တွေကလည်း ဘာလို့ပင်ပင်ပန်း ပန်းလုပ်ပေးရတာလဲဆိုရင် အဓိကပေးချင် တာက မိဘမဲ့ ကလေးတွေနဲ့ အမျိုးသမီးတွေ အတွက် အပြင်မှာ အချိန်ကုန် အပင်ပန်းခံပြီး လုပ်ပေးချင်တဲ့လူတွေရှိတယ်။ အားငယ် စရာမလိုဘူးဆိုတဲ့ အထီးကျန်တဲ့ခံစားချက် မျိုးမဖြစ်စေချင်လို့ပါ''လို့ ပြောပါတယ်။ ဒီနှစ်မှာတော့ လှူဒါန်းဖို့အတွက် မလိခ အမျိုးသမီးကလေးများ သင်တန်းကျောင်း၊ နတ်မောက်အမျိုးသမီး အတတ်ပညာ သင် ကျောင်းနဲ့ ဝိသာခါ မယ်သီလရှင်ကျောင်းတို့ ကို လျာထားပြီး ရန်ပုံငွေများရင် များသလို တခြားနေရာတွေမှာ ပါလှူဖြစ်မယ်လို့လည်း သိရပါတယ်။ ချန်ချန်ကို အမျိုးသမီးကျောင်း တွေမှာပဲလှူဒါန်းဖြစ်ပုံနဲ့ပတ်သက်ပြီး မေး ကြည့်တော့..''ပရဟိတလုပ်ငန်းအနေနဲ့ ပြောမယ်ဆိုရင် အဲဒီလိုပရဟိတလုပ်တဲ့လူ တွေမှာ သူတို့ ယုံကြည်တဲ့ကဏ္ဍတွေရှိတယ်။ တချို့ကျတော့ တိရစ္ဆာန်တွေကို ကာကွယ်ချင် တယ်။ တချို့က ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ တချို့က လူ့အခွင့်အရေး အဲဒီလိုအမျိုးမျိုး ရှိတယ်ပေါ့။ အဲဒီမှာချန်ချန်က အမျိုးသမီး တွေနဲ့ ကလေးတွေအတွက် လုပ်ပေးရတာ ကိုပိုပြီးကြိုက် ပါတယ်''လို့ ချန်ချန်ကပြောပါတယ်။ အရင်နှစ်တွေက ပြုလုပ် ခဲ့တဲ့ ဈေး ရောင်း ပွဲတော်တွေမှာလည်း အမှတ်တရတွေ အများကြီးရှိခဲ့ပြီး ဒီနှစ်မှာလည်း အရင်နှစ် တွေ လိုပဲ ပျော်စရာကောင်းပြီး ထူးခြားမှာ ဖြစ်တယ်လို့ ချန်ချန် က ပြောပါတယ်။ ''ဒီနှစ်မှာတော့ အရင်ကထက်လည်း သရုပ်ဆောင်တွေ၊ မော်ဒယ်တွေ၊ အဆိုတော် တွေလည်း များလာတဲ့အတွက် အရင်နှစ်တွေထက် ပိုမြိုင်မယ်လို့ ထင်ပါတယ်။ ချန်ချန်က ကိုယ်တိုင်တော့မရောင်းဖြစ်လောက်ဘူး။ ပွဲမှာ ရောင်းချမယ့် ဆိုင်ခန်းတွေအတွက် စီစဉ်ရမှာတွေလည်း ရှိတာကြောင့် တစ်ဝင်းလုံးကို ပတ်သွားနေရမှာပါ''လို့ ချန်ချန် က ပြောပါ တယ်။ ဒီနှစ်အတွက် ဈေးရောင်းပွဲတော်ကို ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေ ၄ နာရီက နေစတင်ပြီး အနုပညာရှင်များ ကိုယ်တိုင် ဆိုင်ခန်းများဖွင့်လှစ်ရောင်းချ ကြမှာဖြစ်ပြီး အပြင်ကလာဖွင့်တဲ့ ဆိုင်ခန်းတွေလည်း ပါရှိမှာ ဖြစ်ပါတယ်။ အဲဒီနေ့ပွဲမှာတော့ ချန်ချန်က သူ့ရဲ့ကိုယ်ပိုင်အင်္ကျီအမှတ် တံဆိပ်ဖြစ်တဲ့ Zakh တံဆိပ်အင်္ကျီများကို စတင်ရောင်း ချမှာ ဖြစ်ကြောင်းလည်းသိရပါတယ်။
ရဲရဲ (ပေါ်ပျူလာဂျာနယ်)

0 comments:

Post a Comment