Sunday, February 12

ဖေဖော်ဝါရီ(၁၃)

ဖေဖော်ဝါရီ (၁၃)ဟာ ဗိုလ်ချုပ်မွေးနေ့ပါ.....
မြန်မာပြည်မှာ သူလိုလူသားတွေ များများမွေးဖွားပါစေ.... 
မြေလတ်သား ဇာနည်ဘွားသို့
ဝမ်းနည်းလွန်းလို့တဲ့
တိမ်တွေ ငိုချလိုက်တာ
ဇူလှိုင်မိုးတွေအဖြစ်
သင့်ကို သတိရမိတယ်
မြေလတ်သား ဇာနည်ဘွားရယ်..............
မြေလတ်သား ဇာနည်ဘွားရေ
နှစ်တွေကြာပြီဆိုပေမယ့်
ကျေးဇူးသိတတ်သူတိုင်းရဲ့ အသည်းမှာ
သင့်အမည်နာမဟာ ဝင့်ဝင့်ထည်ထည်နဲ့
နေရာယူနေရဲ့
မမေ့ကောင်းတဲ့ သင့်အကျင့်ကောင်းတွေက
အားကျတုပသူတိုင်းကို သွေးစီးနေလေရဲ့.....
မျိုးယုတ်သတ်မှတ် ငါးကျပ်တန်က
ငါတို့ရင်မှာ အဖိုးထိုက်လှတာမို့
ငါတို့သခင် ငါတို့အရှင်လို့
ထာဝရသတ်မှတ်ထားပါရဲ့......
ငါတို့မြန်ပြည် သွေးစည်းညီဖို့
သမိုင်းမှတ်ကျောက် ကြိုးစားတည်ဆောက်
ပိတိမဆုံးခင် သူ့အဖြစ်အင်ကြောင့်
ရင်နာမဆုံး တို့တွေတသက်လုံး
ဆုံးရှုံးခြင်းအစစ် ဖြစ်တည်ရစ်တော့
ဟောဒီ....ဇူလှိုင်(၁၉) မှာမိုးတွေသည်းနေပြန်ပြီ

အို.........မြတ်သော ဇာနည်..........
သင့်အကြောင်းတွေ သင့်အကြောင်းရေးတိုင်း
ဝေ့ဝဲစိုစွတ်လာတဲ့ မျက်ဝန်းတွေကို ပွတ်သတ်ဖို့
လက်ဖဝါးတွေက ပေတေတေညစ်ပတ်ပတ်မို့
ခပ်ရွံ့ရွံ့နဲ့ပဲ နေသားကျနေပါပြီ...........
မြေလတ်သား ဇာနည်ဘွားရေ
အားနာမိပါရဲ့ သင့်စေတနာတွေကို
ငါတို့ အချင်းချင်း မာန်ဝင့်ရင်း
တွန်းတိုက်ရင်း ခုံလုရင်း
ခွက်လုရင်းနဲ့ နှစ်တွေကြာရှည်....
အကျင့်တွေပျက်စီး
ဘို့တစ်လုံးဆောင်ပြီး
ဖရိုဖရဲကိုယ်ကျိုးဆောင်
သူအကျိုးမှောင်စေ....စေ...စေတနာတွေကြောင့်

သွေးအချင်းချင်း အရောင်ကွဲ
ဝါးစည်းပြေ စိတ်ဓတ်တွေနဲ့
ခေတ်မှီဖွံ့ဖြိုးတိုးတက်ဖို့တဲ့........
လေထဲမှာ လေသံတွေကျယ်
လေထဲမှာ လက်တွေရမ်းတယ်
လေထဲမှာ ပျောက်ပြယ်သွားတယ်
လေထဲမှာ လေထဲမှာပေါ့ မြေလတ်သား ဇာနည်ဘွားရယ်............

0 comments:

Post a Comment