Wednesday, February 1

ဒေါ်​အောင်ဆန်း​စုကြည်၏ မန္တ​လေး​လူထု​ဟော​ပြောပွဲ ဗထူးကွင်းမှာ ကိုဇော်ဇော် ခွင့်မပြုတာနဲ့ မိုင်တာကွင်း​ကို ​ပြောင်း​ရွှေ့ ပြောင်းပြုလုပ်ရန် တင်ပြ

အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ် ဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ဒီလ ၄ ရက်နဲ့​ ၅ ရက်​နေ့​တွေမှာ သွား​ရောက်မယ့်​ မန္တ​လေး​ခရီး​စဉ်အတွင်း​ လူထု​ဟော​ပြောပွဲကို မန္တ​လေး​မြို့​ရှိ မိုင်တာကွင်း​မှာ ကျင်း​ပပြုလုပ်ဖို့​ ​ကော်မရှင်ကို တင်ပြထား​တယ်လို့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ​ပြောပါတယ်။
အရင်က ဗထူး​အား​ကစား​ကွင်း​မှာ ပြုလုပ်ဖို့​စီစဉ်ခဲ့​ပေမယ့်​ မြန်မာနိုင်ငံ​ဘောလုံး​ အဖွဲ့​ချုပ်က ခွင့်​မပြုတာ​ကြောင့်​ ​ပြောင်း​ရွှေ့​ကျင်း​ပပြုလုပ်ဖို့​ စီစဉ်ရတာလို့​ ဒီခရီး​စဉ်ကို စီစဉ်​ပေး​နေတဲ့​ အဖွဲ့​ချုပ် ဗဟိုဦး​စီး​အဖွဲ့​ဝင် ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။
ဗထူးကွင်းမှာဟောပြောခွင့်မပြုတဲ့ ဇော်ဇော် ဒေါ်အောင်ဆန်းစုကြည် ဘေးမှာကပ်ထိုင်နေသူ
“ဗထူး ​ကွင်း​က ကျ​နော်တို့​သိတာက အား​ကစား​ဝန်ကြီး​ဌာနက​နေ သူတို့​ မြန်မာနိုင်ငံ​ဘောလုံး​အဖွဲ့​ချုပ်ကို နှစ်ချုပ်နဲ့​ ငှား​ထား​ပြီး​သား​တဲ့​။ အဲဒီ ကို​ဇော်​ဇော်က မ​ပေး​တာဗျာ။ အ​ကြောင်း​အမျိုး​မျိုး​ ပြပြီး​တော့​ပေါ့​။ ၄ ရက်​နေ့​ ကျ​နော်တို့​ အဲဒီမှာ လုပ်ခွင့်​မရဘူး​။ ကျ​နော်တို့​က အခု မန္တ​လေး​တောင်​ခြေ​ပေါ့​။ မိုင်တာကွင်း​ကို လက်ခံကျင်း​ပဖို့​ စာတင်ထား​တယ်။”
အန်အယ်လ်ဒီ ပါတီအ​နေနဲ့​ အခုလို လူထု​ဟော​ပြောပွဲလုပ်ဖို့​ နိုင်ငံ​ရေး​ပါတီများ​ လုပ်ထုံး​လုပ်နည်း​ ဥပ​ဒေ​တွေနဲ့​အညီ တိုင်း​ကော်မရှင်ကို ၁၀ ရက် ကြိုတင် ​လျှောက်ထား​ခဲ့​တာဖြစ်ပြီး​ ခွင့်​ပြု မပြုကို ​ကော်မရှင်က ​ဟော​ပြောပွဲမလုပ်ခင် ၄၈ နာရီ ကြိုတင် အ​ကြောင်း​ကြား​မယ်လို့​ ​ပြောကြား​ထား​ကြောင်း​ ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။
ပြီး​ခဲ့​ ရက်ပိုင်း​တွေကလည်း​ အစိုး​ရပိုင်သတင်း​စာ​တွေမှာ နိုင်ငံ​ရေး​ပါတီ​တွေ လွှတ်​တော် ကိုယ်စား​လှယ်​လောင်း​တွေအ​နေနဲ့​ ​ကော်မရှင်က ပြဋ္ဌာန်း​ထား​တဲ့​ ဥပ​ဒေ​တွေအတိုင်း​ လိုက်နာပြီး​ မဲဆွယ်စည်း​ရုံး​မှု​တွေ လုပ်ဖို့​ ထုတ်ပြန်​ကြေညာခဲ့​ပါတယ်။
ဒီလို ထုတ်ပြန်​ကြေညာလာတဲ့​အ​ပေါ်ကို အန်အယ်လ်ဒီပါတီရဲ့​ ဗဟို​အောင်နိုင်​ရေး​အဖွဲ့​ အတွင်း​ရေး​မှူး​ ဦး​ဉာဏ်ဝင်း​က အခုလို ​ပြောပါတယ်။
“အခုပါတဲ့​ သတင်း​စာ​တွေမှာ မကဘူး​။ ကျ​နော်တို့​ ခဏခဏလည်း​ သတင်း​မှာ လွှတ်​တော်ကိုယ်စား​လှယ်​လောင်း​ဆိုရင် ဘာပါရမယ် ဆိုတာမျိုး​ သူတို့​ပြဋ္ဌာန်း​ချက်​တွေနဲ့​ ပတ်သက်ပြီး​တော့​ သူတို့​အစီရင်ခံထဲမှာ ဥပ​ဒေနဲ့​အညီ ပြည်​ထောင်စု​ကော်မရှင်က ​ဆောင်ရွက်တဲ့​လုပ်ငန်း​မှာ ကျ​နော်တို့​ကြိုဆိုပါတယ်။ ကျ​နော်တို့​ ဘယ်လိုမှ ကျ​နော်တို့​ကို လုပ်တယ်မထင်ပါဘူး​။ ဒါက ဥပ​ဒေနဲ့​အညီ ပြည်​ထောင်စု​ကော်မရှင်က သတိ​ပေး​တဲ့​သ​ဘောနဲ့​ ထုတ်​နေတာလို့​ ကျ​နော်တို့​ အဲ့​လိုပဲ နား​လည်တယ်။”
ဒါ့​အပြင် အန်အယ်လ်ဒီပါတီအ​နေနဲ့​ ​ကော်မရှင်က ပြဋ္ဌာန်း​ထား​တဲ့​ နိုင်ငံ​ရေး​ပါတီ ဥပ​ဒေ​တွေနဲ့​အညီသာ ​ဆောင်ရွက်​နေတယ်လို့​လည်း​ ဦး​ဉာဏ်ဝင်း​က ​ပြောပါတယ်။
“ကျ​နော်တို့​ ကလည်း​ ချို့​ယွင်း​ချက် မရှိ​အောင် ကြိုး​စား​ ​ဆောင်ရွက်​နေတယ်။ ဥပမာ မန္တ​လေး​ ခရီး​စဉ်ရှိတယ်။ ကျ​နော်တို့​ ​ဟော​ပြောမယ့်​ အများ​ပြည်သူ​နေရာကို တင်ပြ​တောင်း​ဆိုထား​တယ်။ ခွင့်​ပြုချက် မရရင် ကျ​နော်တို့​ မလုပ်ပါဘူး​။ အဲဒါမျိုး​ပေါ့​။ တတ်နိုင်သမျှ ဥပ​ဒေနဲ့​ ညီညွတ်​အောင် ကြိုး​စား​ပါတယ်။ ဥပ​ဒေနဲ့​အညီ ကြိုး​စား​ပေမယ့်​လို့​ ကျ​နော်တို့​ မရခဲ့​ရင်လည်း​ ​နောက်မှ ရက်​တွေ​ရွှေ့​ပြီး​ ပြန်လုပ်ရမှာ​ပေါ့​။”
ဒေါ်​ အောင်ဆန်း​စုကြည်ရဲ့​ မန္တ​လေး​ခရီး​စဉ်အတွင်း​မှာ​တော့​ လူထု ​ဟော​ပြောပွဲပြုလုပ်မှာ အပါအဝင် မဟာ​အောင်​မြေမြို့​နယ် ရုံး​ခန်း​နဲ့​ ဓမ္မသာလာမှာ ကျင်း​ပမယ့်​ ဓာတ်ပုံပြပွဲ​တွေကို ဖွင့်​လှစ်​ပေး​ဖို့​ ရှိ​နေပါတယ်။
ဒီဗွီဘီ

0 comments:

Post a Comment