Monday, February 13

မလေးရှားမှ မိန်းကလေးများရိုက်နှက်မှု ( ဗွီဒီယို ) ....မှ ရှင်းလင်းချက်

* မလေးရှားမှ ညီမလေးတယောက်ရဲ့ ဘလော့ လေးကို ပြန်လည်းတင်ပြပေးလိုက်တာပါ။
** ညီမဆောင်းနှင်းပွင့်(ခ)နှင်းရွှေရည်ခိုင်....ရေးသားချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
** ဆင်ခြေပေးစရာမရှိအောင်တိကျမှန်ကန်နေပါသဖြင့် .... ပို့ (စ်) ပိုင်ရှင်ရေးတဲ့အတိုင်းပဲတင်ပေးလိုက်
** ပါတယ်......။        ။
ကဲအားလုံးပဲမင်္ဂလာပါနော်
ဆောင်းဘလော့ရေးဖို့ရယ်ရွယ်ချက်မရှိပါဘူး ဒါပေမဲ့သူငယ်ချင်းတို့ကအဖြစ်မှန်ကိုမသိပဲ ကိုယ်
ထင်ရာကိုယ်ပြောနေကြလို့ပါ အခုဆောင်းအဖြစ်မှန်ကို သိထားတယ်....သိထားတဲ့အတိုင်းလည်း
သူငယ်ချင်းတို့ကို သိစေချင်တယ် ...

ဆောင်းလည်းမလေးရှားမှာနေထိုင်နေတဲ့မိန်းကလေး၁ယောက်ပါ။ ဆောင်းကတော့အဖြစ်မှန်သိ
လိုက်ရလို့ရိုက်တဲ့သူတွေကို အပြစ်မမြင်တော့ဘူး ဘာလို့လဲဆိုတော့ အဲ့လိုမျိုး မိန်းကလေးတွေရှိ
တာ ဆောင်းတို့လိုရိုးရိုးသားသားလုပ် ကိုင်နေတဲ့သူတွေအရမ်းကို ထိခိုက်လို့ပါ။ အခုဆောင်းတို့
ဘက်မှာ မြန်မာမိန်းကလေးဆို ဘယ်နိုင်ငံခြားသားမှမပြောရဲဘူး ဘာလို့လဲဆိုတော့ မြန်မာတွေ
က တခြားနိုင်ငံခြားသားဆို ဆောင်းကအစပေါ့ အလုပ်မှာသာ မလွှဲသာလို့စကားပြောရင်ပြော
မယ် အပြင်မှာတွေ့ရင်တော့ဘယ်တော့မှ စကားမပြောဘူး မမြင်ချင်ယောင်ဆောင်သွားတာ
အဲ့ဒါကြောင့် နိုင်ငံခြားသားအားလုံးက မြန်မာဆိုမထိရဲဘူး...။


အခုတော့သူတို့လုပ်တာနဲ့မြန်မာမိန်းကလေးတွေ အရမ်းသိက္ခာကျတယ်။ အခုရိုက်တဲ့ သူရဲ့
သူငယ်ချင်းပြောပြသလောက်ကတော့ သူတို့ဘက်မှာမြန်မာမိန်းကလေးတွေ တော်တော်ဆိုး
တယ်တဲ့ calling နဲ့ရောက်လာပြီး မကောင်းတာလုပ်စားတဲ့မိန်းကလေးတွေ များလာတယ်တဲ့
ပြီးတော့နိုင်ငံခြားသားအားလုံးရဲ့ ပါးစပ်ဖျားမှာလဲ "ဟာမြန်မာမိန်းကလေးများ 20RM  ၊30RM
ပေးရင်ရပါတယ်ဆိုပြီး ဖြစ်ကုန်ရော အဲ့ဒီတော့သူငယ်ချင်းတို့စဉ်းစားကြည့်ပေါ့........


ဘယ်မြန်မာက ခံနိုင်မှာလဲ သူငယ်ချင်းတို့မသိသေးလို့ပါ အဲ့ဒီဘက်မှာရော နေရာတော်တော်
များများမှာပေါ့ မြန်မာမိန်းကလေးတွေနိုင်ငံခြားသားတွေနဲ့ ဖြစ်ချင်တိုင်းဖြစ်ပြီး ဗိုက်ကြီးတော့
ကိုယ့်ကိုယ်ကို သေကြောင်းကြံကြတယ်....။ အဲ့ဒီတော့ဘယ်သူနစ်နာလဲ ကိုယ့်မြန်မာမိန်းကလေး
ပဲနစ်နာတာပေါ့ သူငယ်ချင်းတို့မသိသေးလို့ပါ ဆောင်း ချစ်သူမြို့တော်မှာဘလော့တင်ဖူးပါ
တယ် မြန်မာမိန်းကလေးကို 20RM နဲ့ရတယ် 30RMရတယ်လို့ပြောလို့မခံနိုင်လို့ ရန်ဖြစ်ကြတာ
မြန်မာကောင်လေး (၁) ယောက် နီပေါ (၃၅) ယောက်ရဲ့ ရိုက်နှက်မှုကြောင့်သေဆုံးသွားရပါတယ်။


အဲ့ဒီတော့သူငယ်ချင်းတို့စဥ်းစားကြည့်နော်...ကိုယ့်မြန်မာထိရင် အားလုံးပဲခံနိုင်မှာမဟုတ်ပါဘူး
အခုသွားရိုက်တဲ့ ကောင်မလေးတွေကြောင့်သူတို့နီပေါ၊ ဘင်္ဂလားလူမျိုးတွေကို ရိုက်မှုနဲ့ မလေး
ရှား အချုပ်ထဲကိုဝင်ရ ပြီးပါပြီ အချုပ်ထဲရောက်တော့မလေးရဲက မေးတယ် နင်တို့ဘာလို့သူများ
ကိုရိုက်တာလဲတဲ့ အဲ့ဒီတော့ ဆောင်းတို့ရွှေမြန်မာတွေကလည်းပြောတာပေါ့ မင်းတို့စဥ်းစား
ကြည့်ပေါ့.....နိုင်ငံခြားသားတွေပြောတော့လဲ ငါတို့မြန်မာပဲဗိုက်ကြီးတော့ ခုန်ချပြီးသေတော့
လည်းငါတို့မြန်မာပဲ ငါတို့မြန်မာတွေအရမ်းနစ်နာတယ် အဲ့ဒီတော့ငါတို့ သူတို့ကို၇ိုက်တာအပြစ်
ရှိလားဆိုတော့.......မလေးရဲက ဟုတ်တယ် မင်းတို့မှန်တယ်ထွက်တော့ဆိုပြီးအချုပ်က လွှတ်
ပေးပါတယ် သူတို့ကိုလည်း သွားပြောပြီးပါပြီ အဲ့လိုမလုပ်ဖို့


ဒါပေမဲ့ သူတို့ကဂရုမစိုက်တဲ့အပြင် ဟိုတယ်မှာလိုက်အိပ်တာတို့ အဆောင်မှာပါ ခေါ်အိပ်ပါတယ်
တခါတလေ အဆောင်ရှေ့လူမြင်ကွင်းမှာပါ အရှက်မရှိဖြစ်ချင်တိုင်းဖြစ်နေတော့ ဘယ်မြန်မာက
ဒီအတိုင်းကြည့်နေနိုင်မှာလဲ  ပြီးတော့အဲ့ဒီအဆောင်ကမိန်းကလေးတွေက အခုလာရိုက်တဲ့ လူ
တွေကိုတိုင်တယ်လေ အဲ့လိုမျိုးအဆောင်မှာပါခေါ်အိပ်တော့ တခြားမိန်းကလေးတွေက ဘယ်လို
နေမလဲ စဉ်းစားကြည့်ပေါ့


ဒီလိုမျိုး သူတို့ကိုရိုက်ထားတာ ၃လလောက်ရှိပါပြီ အခုလည်းတော်တော်ငြိမ်သွားပါပြီ အဲ့လိုမျိုး
နောက်ထပ်မလုပ်ကြ တော့ပါဘူး....သူတို့တော်တော်ကြောက်သွားတယ်ထင်တယ်.....အခုမှ
အဲ့ဒီ ဗွီဒီယိုဖိုင်ပေါ်လာတာလို့ပြောပါတယ် ဘယ်သူတင်လိုက်လဲဆိုတာတော့ မသိပါဘူး ဆောင်း
ကတော့သူတို့ရိုက်တာ မှန်တယ်လို့ထင်တယ်။ သူတို့ကမြန်မာပြည်မှာထဲက အဲ့လိုလုပ်စား လာ
တာလို့ထင်ကြပါတယ် သူတို့က အားလုံးကိုဂရုမစိုက်ဘူး အဆောင်က မိန်းကလေးတွေကိုပါ
ဆွယ်လိုက်သေးတယ်လို့ ပြောပါတယ် သူတို့လိုလူမျိုးက ရိုက်ရုံတင်မကပါဘူးသတ်ပြစ်လိုက်ရင်
တောင် မှန်တယ်လို့ထင်ပါတယ်


ဆောင်းလည်းမိန်းကလေးပါ ကိုယ်ချင်းမစာဘူးလို့ထင်ကြရင်တောင် ဆောင်းမှာ ဖြေရှင်းစရာ
စကားရှိပါတယ် ဘာလဲဆိုတော့ ဆောင်းက အဲ့လိုမလုပ်စားတဲ့အတွက် ကိုယ်ချင်းစာစရာမလို
ဘူးလို့ထင်လို့ပါ။ သူတို့လိုမိန်းကလေးတွေရှိလို့ ကိုယ့်နိုင်ငံ၊ကိုယ့်လူမျိုး ၊နိုင်ငံခြားလာပြီး
ကောင်းကောင်းမွန်မွန်လုပ်စားနေတဲ့ မိန်းကလေးတွေ အကုန်ထိခိုက်လို့ပါ အဲ့လိုမိန်းကလေးတွေ
မရှိတာပို ကောင်းပါတယ်။


                       
သူငယ်ချင်းတို့အားလုံးကိုသိစေချင်တဲ့ စေတနာဖြင့်
                             
ဆောင်းနှင်းပွင့်(or)နှင်းရွှေရည်ခိုင်
(ကပုန်း(၇)ရက်သားသမီးနာရေးကူညီမှုအသင်း )မလေးရှား
***မှတ်ချက်***   အားလုံးကို အမြင်ရှင်းလင်းအောင်သိစေချင်သော ဆန္ဒဖြင့်
{ ညီမဆောင်းနှင်းပွင့်(ခ)နှင်းရွှေရည်ခိုင် } ရဲ့ “ဘလော့ပို(စ်)” လေးကိုပြန်လည်တင်ပြပေးလိုက်တာပါ။
အားလုံးကို လေးစားခင်မင်လျှက်.....
မောင်(ခေတ္တလူ့ ပြည်(ခ)ခေတ္တမလေး)

0 comments:

Post a Comment