Tuesday, February 14

ပညာရေ၀န်ကြီးသမီး မင်္ဂလာဆောင်လက်ဖွဲ့ ခြိမ်းခြောက်ကောက်ခံ




ပညာရေးဝန်ကြီးဒေါက်တာမြအေး ရဲ့ သမီး မမြစုမွန် မင်္ဂလာဆောင်ကို တက္ကသိုလ် ၊ ဒီဂရီကောလိပ် ရှိ
ဆရာ၊ ဆရာမများအားလုံးကိုဖိတ်ပြီး လက်ဖွဲ့ ကို အနဲဆုံး ငါးထောင်ကျပ် မထည်မနေရ ပါမောက္ခချုပ်
နှင့် ပါမောက္ခများက အတင်းအကျပ်ထည့်ခိုင်းကြောင်းသိရပါသည်။

မထည့်လျှင်အရေးယူမည်ဟု ခြိမ်းခြောက်ကာ ထည့်ခိုင်းသဖြင့် တက္ကသိုလ် နှင့် ဒီဂရီကောလိပ်
ကျောင်းဆရာ၊ ဆရာမ များ မကျေမနပ်ဖြစ်နေကြကြောင်း Myanmar News Now မှ သိရှိရပါတယ်။
By: သစ်ထူးလွင်

အဆိုပါ သတင်း နှင့် ဆက်စပ်သတင်း Myanmar News Now မှဖော်ပြခဲ့ပြီးဖြစ်တဲ့ ပေးစာတစောင်ကို ထပ်မံ ဖော်ပြပေးလိုက်ပါတယ်။

လူကြီးမင်္ဂလာဆောင်အတွက်ဆရာဆရာမတွေအားလုံးကိုတယောက် ကျပ် ၃၀၀၀ နူန်းကောက်ခံနေ (ပေးစာ)
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် မှ ပါမောက္ခက လူကြီးမင်္ဂလာဆောင်အတွက်နိုင်ငံ
တကာဆက်ဆံရေးဆရာဆရာမတွေအားလုံးကိုတယောက် ၃၀၀၀ နူန်းကောက်ခံနေတယ်။


ကျွန်မပြောတောမပြောခြင်ပါဘူး။ ဒါပေမဲ့ နိုင်ငံတော်သမတ ဦးသိန်းစိန်က Good
Governance and Clean Government အကောင်အထည်ဖေါ်မည်လိုပြောခဲ့ေ
ပမယ့်
အောက်ခြေမှရှိတဲ့ တစ်ချို့သောအရာရှိတွေကြောင့်
ဆွမ်းဆန်ထဲမှာကြက်ချေးရောသလိုဖြစ်တဲ့အတွက်ကြောင့်ဒီစာကိုပို့
လိုက်တာပါ။
တစ်ခါမှလည်းမပို့ဘူးပါဘူး။ အဲ့သည့်အတွက်အမှားပါရင်ခွင့်လွှ
တ်ပါ။
 
ဖြစ်စဉ်က ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှာ
ဖြစ်ခဲ့တာပါ။ ပါမောက္ခချုပ်
ဦးကျော်ရဲထွန်းရဲ့လုပ်ပုံကိုန
ိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်
သိအောင်တင်ပြခြင်တာပါ။ 
 
30-1-2012 ရက်နေ့မှာ ရန်ကုန်အရှေ့ပိုင်းမှာရှိတဲ့
ဘာသာရပ်ဆိုင်ရာဌာနအသီးသီးကိုမင်္ဂ
လာဖိတ်စာ တွေရောက်လာတယ်။ ဖိတ်စာက ပညာရေး
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေးရဲ့သမီး (ရတနာပုံ၊ ဓာတုဗေဒဌာနမှာ
သရုပ်ပြလုပ်နေတဲ့ သူ) ရဲ့ မင်္ဂလာဆောင်ပါ။ ကထိက ရာထူးနဲ့အထက်ကိုပို့တာပါ။
ကထိကအားလုံးကိုပေါင်းပြီးတော့ဖိ
တ်စာတစ်စောင်နှင့် တွဲဖက်ပါမောက္ခ၊
ပါမောက္ခများ၊ ဌာနမှူးများကိုတော့ ဖိတ်စာတစ်စောင်စီ ပို့ပြီး
ဖိတ်စာအိတ်မှာလည်း အဲ့သည့်တွဲဖက်ပါမောက္ခ၊ ပါမောက္ခများ၊
ဌာနမှူးများရဲ့နာမည်ကို ကွန်ပျူတာနဲ့ အသေအချာရိုက်ထားပါတယ်။
 
အဲ့သည့်ဖိတ်စာတွေနဲ့ ပါမောက္ခချုပ် ဦးကျော်ရဲထွန်းရဲ နှုတ်မိန့်အရ
ကထိကတစ်ဦးကို 3000 ကျပ်၊ တွဲဖက်ပါမောက်ခတစ်ဦးကို 5000 ကျပ်၊
ပါမောက်ခများနဲ့ ဌာနမှူးများကို တစ်ဦးလျှင် အနည်းဆုံး 10000
ကျပ်စီထည့်ရမည်ဟု ဆပ်ကြေးကောက်သလို အတင်းအကြပ်ကောက်ခံခဲ့ပါတယ်။
 
ဆရာ/ဆရာမများကလည်း ပါမောက္ခချုပ်ရဲ့အမိန့်ကိုမလွန်
ဆန်ရဲတာကြောင့်ရော၊
အခြားသော အကြောင်းကြောင်းတွေကြောင့် ရော စိတ်စေတနာမပါဘဲ
အောင့်သက်သက်နဲ့ထည့်ခဲ့ရပါတယ်။ ဆရာဆရာမအများစုက လုံးဝမကျေနပ်ပေမဲ့လည်း
ဘာမှပြန်မပြောရဲခဲ့ကြဘူး။ 
 
အဲ့သည်လိုကောက်ခံတာ ပညာရေးဝန်ကြီးဒေါက်တာမြအေးက
ကောက်ခိုင်းတာလား။ ဒါမှမဟုတ် ပါမောက္ခချုပ် ဦးကျော်ရဲထွန်းကဘဲ
ဖော်လံဖားချင်တာနဲ့ဘဲ ကောက်တာလာတော့မသိဘူး။ ဒါပေမယ့်
ပိုဖြစ်နိုင်ခြေတစ်ခုကတော့ ဦးကျော်ရဲထွန်းကဖော်လံဖားချင်
တာနဲ့ဘဲ
ဆရာဆရာမတွေရဲ့ လည်မျိုကိုတက်နင်တာဘဲဖြစ်လိမ့်
မယ်။ ဘာကြောင့်လဲဆိုတော့
အခြားကျောင်းတွေကိုစုံစမ်းကြည့်
တော့
မည့္သည့္ဆရာဆရာမမွ်ထိုကဲ့သိုအေ
တာင်းမခံရကြောင်း။
 
 
ဒီဖြစ်စဉ်ကိုကြည့်ရင် နိုင်ငံတော်အစိုးရကမှန်ကန်တဲ့
လမ်းစဉ်တွေချပြီး
ဒီမိုကရေစီနိုင်ငံတော်သစ်ဖြစ်ေ
အာင်ကြိုးပမ်းနေတဲ့အတွက် ဆရာဆရာမတွေအပါအ၀င်
ပြည်သူတစ်ရပ်လုံးက ၀မ်းမြောက် ၀မ်းသာဖြစ်နေချိန်မှာ
ဦးကျော်ရဲထွန်းရဲ့လုပ်ရပ်က အလွန်အရုပ်ဆိုးလွန်းလှပါတယ်။
 
သမ္မတကြီးလက်နဲ့ခက်ခက်ခဲခဲရေးထား
ကို ခြေနဲ့အလွယ်တကူဖျက်လိုက်တာနဲ့တူပါတယ်။
အစိုရရဲ့ချမှတ်အကောင်အထည်ဖော်ေ
နတဲ့Good Governance and Clean Government
လုပ်ငန်းစဉ်ကိုဆန်ကျင်တိုက်ခို
က်တဲ့သဘောလည်းဆောင်နေပါတယ်။ သူ
ဦးကျော်ရဲထွန်းရဲ့လုပ်ရပ်ကတော့ ယခင်အမိန့်ခေတ်၊
ဖော်လံဖားခေတ်ကိုပြန်သွားချင်တဲ
့ပုံပါဘဲ။
 
ဝန်ကြီးဒေါက်တာမြအေးလည်း
မိမိလက်အောက်မှာ အဲ့သည်လိုဖော်လံဖား ပါမောက်ခချုပ်တစ်ယောက် ရှိနေခြင်းဟာ
မိမိကို အထောက်အကူမပြုပါဘူးဆိုတာသတိပြုေ
စချင်တယ်။
မိမိကိုကုလားထိုင်ပေါ်ကဆွဲချနို
င်တဲ့သူဆိုတာ စေတနာရှေ့ထားပြီးသတိပေးပါရစေ။
အဲ့သည်လို ပါမောက္ခချုပ် ဦးကျော်ရဲထွန်း က မိမိ၏မျက်နှာရရေးအတွက်
ဆရာဆရာမတွေကို မိမိ၏လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုပြီး
ပညာရေးဝန်ကြီးဒေါက်တာမြအေးသမီး
ဆိုသူမင်္ဂဆောင်လက်ဖွဲ့အတွက်ဟုဆိုကာ
ဆရာဆရာမတွေကို အနိုင်အထက်ပြုတရားမ၀င်ငွေကြေးေ
ကာက်ခံနေမှုများကို
အရေးယူပေးပါရန် လေးစားစွာဖြင့် သမ္မတကြီးအားတင်ပြအပ်ပါသည်။

အရှေ့ပိုင်းမှ သင်ကြားရေးဝန်ထမ်းတစ်ဦး

0 comments:

Post a Comment